နိုင်ရိုဘီ ဇွန် ၁၈
ကင်ညာနိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီ၍ နည်းပညာမြင့်မားပြီး အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းအဖြစ် အသွင်ကူးပြောင်းရန် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄ ဘီလီယံ တန်ကြေးရှိ အမျိုးသားစိုက်ပျိုးရေး ပဏာမခြေလှမ်းကို စတင်လိုက်ပြီဖြစ်ကြောင်း ဇွန် ၁၇ ရက်က ကြေညာခဲ့သည်။ Kenya AgriConnect သဘောတူညီချက် (၂၀၂၅-၂၀၃၀)ကို နိုင်ရိုဘီမြို့၌ စတင်လိုက်ပြီး ယင်းအစီအစဉ်သည် အလုပ်အကိုင်သစ် ၂ ဒသမ ၄ သန်း ဖန်တီးပေးနိုင်မည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် အလုပ်အကိုင်များ အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍကို အသက်ရှင်သန်နိုင်မှုအတွက် လုပ်ကိုင်နေသည့်ကဏ္ဍအဖြစ်မှ စီးပွားရေးတိုးတက်စေရန်နှင့် ခေတ်မီပြီးနည်းပညာမြင့်မားသည့် ရင်းနှီးမြှုပ်နှံမှုမောင်းနှင်အားအဖြစ် ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး မူတာဟီ ကက်ဝီ က ပြောသည်။
ဆင်ဟွာ


