နိုင်ရိုဘီ  ဇွန်  ၁၈

ကင်ညာနိုင်ငံ၌   စိုက်ပျိုးရေးကဏ္ဍကို  ခေတ်မီ၍ နည်းပညာမြင့်မားပြီး အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းအဖြစ် အသွင်ကူးပြောင်းရန်  အမေရိကန်ဒေါ်လာ ၁၁  ဒသမ  ၄ ဘီလီယံ တန်ကြေးရှိ  အမျိုးသားစိုက်ပျိုးရေး ပဏာမခြေလှမ်းကို စတင်လိုက်ပြီဖြစ်ကြောင်း  ဇွန် ၁၇ ရက်က ကြေညာခဲ့သည်။   Kenya AgriConnect  သဘောတူညီချက် (၂၀၂၅-၂၀၃၀)ကို  နိုင်ရိုဘီမြို့၌   စတင်လိုက်ပြီး ယင်းအစီအစဉ်သည် အလုပ်အကိုင်သစ် ၂ ဒသမ ၄ သန်း ဖန်တီးပေးနိုင်မည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်တွင် အလုပ်အကိုင်များအဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍကို အသက်ရှင်သန်နိုင်မှုအတွက် လုပ်ကိုင်နေသည့်ကဏ္ဍအဖြစ်မှ  စီးပွားရေးတိုးတက်စေရန်နှင့် ခေတ်မီပြီးနည်းပညာမြင့်မားသည့် ရင်းနှီးမြှုပ်နှံမှုမောင်းနှင်အားအဖြစ် ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး  မူတာဟီ ကက်ဝီ က ပြောသည်။

ဆင်ဟွာ