ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူး မြို့နယ်ရုံးမှ ကြီးမှူး၍ ပဉ္ဓမအကြိမ်မြောက် "လူငယ်နှင့်အားကစား" ပြည်သူ့ စကားဝိုင်းကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီက လှည်းကူးမြို့နယ် စာဘူးတောင်း အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာဘူးတောင်း အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ရည်ရည်မွန်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲတွင် ဦးစိုးမြင့် (မြို့နယ်အလုပ်အမှုဆောင်)၊ ဒေါ်ယဉ်ဦးခိုင် (မြို့နယ်အား/ကာမှူး)၊ ဒေါ်သင်းသင်းစိုး (နည်းစနစ်မှူး)၊ ဦးသက်ဦး ဒုဦးစီးမှူး (ကာယ)၊ မဆုမြတ်ဝင်း(မြန်မာ့သိုင်း-တိုင်းလက်ရွေးစင်)၊ ဆရာစည်သူ (Volunteer) တို့က ကျောင်းသားကျောင်းသူလေးများအား ကျန်းမာကြံ့ခိုင်စေရေး၊ အနာဂတ် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွန်းလာကာ နိုင်ငံဂုဏ်ဆောင် အားကစား သမားများ မွေးထုတ်ပေးနိုင်စေရန်ရည်ရွယ်၍ အသီးသီးဆွေးနွေးခဲ့ကြရာ မြန်မာ့ သိုင်းပညာကို လက်တွေ့သရုပ်ဖော်ပြသခဲ့ပြီး တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက သိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၅၀ တက်ရောက်ခဲ့ကြသည်။
နိုင်လင်း(ပြန်/ဆက်)