ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သောသီးနှံ ၁၀ မျိုးနှင့် သစ်သီးဝလံစိုက်ပျိုးနည်းပညာ၊ မြေဆီလွှာထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မေရီလန်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ကျေးရွာ လေးအုပ်စုရှိစိုက်ပျိုးရေးအသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်နေကြသော လယ်သမား၊ ကိုင်းသမား၊ သီးနှံစိုက်ပျိုးရေး သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ခဲ့ပြီး စိုက်ပျိုးနည်းပညာပေးနှင့် မြေဆီလွှာထိန်းသိမ်းနည်းများကိုစာတွေ့လက်တွေ့ဖြင့် (၄)ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)