ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ရွှေနှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၊ Mega Co.Ltd နှင့် ရွှေအိုးဆေးဆိုင်တို့ ပူးပေါင်း၍ တာမွေမြို့နယ်အတွင်း ကင်ဆာရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေး ဆွေးနွေးဟောပြောပြီး ကျန်းမာရေးဆေးစစ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ NGO များ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မို့မို့အောင်(ပြန်/ဆက်)