ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ စီစဉ်မှုဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ပန်းအလှပြင် သင်တန်း  ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေး ခန်းမ၌  ကျင်းပခဲ့သည်။         

သင်တန်း ဖွင့်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်  ဦးမြင့်ထွေးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန   မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းဦးက အသက်မွေး ဝမ်းကြောင်း အထောက်အကူပြု  ပန်းအလှပြင် သင်တန်း  ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့်  ဌာနမှ ဖွင့်လှစ်သင်ကြားပေးနေသော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ 

သင်တန်းသို့ ကျေးရွာ ၁၀ ရွာမှ သင်တန်းသူ ၁၅ ဦး တက်ရောက်ကြပြီး အဆိုပါ သင်တန်းတွင် အခြေခံပန်းစည်းခြင်း နှစ်မျိုး၊ ပန်းအလှထိုးနည်း လေးမျိုးကို    စာတွေ့လက်တွေ့ သင်ကြားပို့ချပေး မည်ဖြစ်ပြီး သင်တန်း ကာလ အနေဖြင့်  ၄/၅ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ 

 

သန်းထိုက်(ရေဦး)