ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၅) ရက် မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်  ဦးသိမ်းဆွေ၏ ဧည့်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ကျိုတ်လက်မြို့နယ်တို့မှ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် (၇၂)ဦး၊ ညီမျှခြင်းမြန်မာ (Equality Myanmar)အဖွဲ့မှ သင်တန်းဆရာများ၊ စည်းရုံးရေးမှူးများ၊ မိတ်ဖက်လူမှု အဖွဲ့အစည်းများမှ အဖွဲ့ဝင်(၄၆) ဦးနှင့် မြဝတီခရိုင်၊ မြဝတီမြို့မှမြို့မိ၊ မြို့ဖ(၂၀) ဦးစုစုပေါင်း (၁၃၈) ဦးတို့သည် အမျိုးသား လွှတ်တော် အစည်းအဝေးသို့  လာရောက်လေ့လာ ကြကြောင်း သိရသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသား လွှတ်တော်သို့ လာရောက်သည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်း ဧည့်သည် (၁၇၅၈၆) ဦးနှင့် ပြည်ပဧည့်သည် (၁၇၄၁) ဦးရှိကြောင်း သတင်း ရရှိသည်။ 

 

(သတင်းစဉ်)