မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဒေသန္တရ စီမံကိန်းနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားအား ညောင်ဦးခရိုင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ညောင်ဦးခရိုင်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက အဖွင့်အမှာစကား ပြောကြားကာ ညောင်ဦး ခရိုင်စီမံကိန်းရုံးမှ ခရိုင်စီမံကိန်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်မောင်မှ ကဏ္ဍကြီးအလိုက် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည် ဖော်နိုင်မှု အခြေအနေနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များအား    တိုင်းဒေသကြီး အစိုးရအဖွဲ့  တိုင်းဒေသကြီးဝန်ကြီး    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များအား ခရိုင် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌထံသို့ ပေးအပ်ရာ ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်မှ လက်ခံရယူသည်။

အခမ်းအနားသို့ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိန်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူမှ နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားအား ၁၀ နာရီ ၃၀ မိနစ်တွင် ရုပ်သိမ်းကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)