ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက မစ္စတာ ဆော်ရက်(ဘ်)ကူမားအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုချက်ကို သဘောတူညီပြီးဖြစ်သည်။

 

မစ္စတာ ဆော်ရက်(ဘ်)ကူမားကို ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အိန္ဒိယနည်းပညာ တက္ကသိုလ်မှ B.Tech ဘွဲ့ကို ရရှိခဲ့ပါသည်။ ၎င်းသည် ၁၉၈၉ ခုနှစ်တွင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ကာ ဟောင်ကောင်မြို့ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖီဂျီနိုင်ငံ၊ တရုတ် ပြည်သှူသမ္မတနိုင်ငံ၊ အီတလီနိုင်ငံတို့ရှိ အိန္ဒိယသံရုံးများတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လအထိ ပြည်ပရေးရာဝန်ကြီးဌာနရှိ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးနှင့် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းဝန်ရုံးတို့၌ တွဲဖက်အတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လမှ ယနေ့အထိ အီရန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန် ထမ်းဆောင် လျက်ရှိပါသည်။ ၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သမီးနှစ်ဦး ရှိပါသည်။ သတင်းစဉ်