ကျိုက်မရောမြို့နယ်တွင် မော်လမြိုင်ဘက်မှ ချောင်းဆုံဘက်သို့ အမျိုးသားနှစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးရာမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သက္ကောကျေးရွာ ကိုးနဝင်းဘုရားဘေး၌ မော်လမြိုင်ဘက်မှ ချောင်းဆုံဘက်သို့ ယနေ့နံနက် ၃ နာရီက လင်းလင်းဇော် လှကဇိုင်းကျေးရွာ ကျိုက်မရောမြို့နေသူ မောင်းနှင်ပြီး နောက်မှ သီဟ ကျွန်းရွာနေသူ စီးနင်းလိုက်ပါလာသော ၅၁ယ /------ CBR ဖြူ/အနက်ရောင် ဆိုင်ကယ်အား နယ်ထိန်း အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် လှိုင်မင်းသန်းနှင့် တပ်ဖွဲ့ဝင်များမှ ရပ်တန့်စစ်ဆေးရာ သီဟ ဝတ်ဆင်ထားသော အနက်ရောင် လက်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ နှင့်အတူ ငွေစက္ကူရောရာ ၇၇၇၀၀ အား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)