ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ယူ ရှင်းလင်းခြင်းကို ယနေ့ နံနက် ၇ နာရီက နမ့်စန်-မိုးနဲ လမ်းမကြီး ဘေးဝဲယာတစ်လျှောက်တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ စုပေါင်းအမှိုက်ကောက်ယူခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ဦးဆောင်၍ အပတ်စဉ် ဆောင်ရွက်နေခြင်းဖြစ်ပြီး အဖွဲ့သုံးဖွဲ့ခွဲကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စုပေါင်းအမှိုက်ကောက်ယူရာတွင် နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်မှ ပြည်သူများ၊ အမှတ်(၄)ကျေးရွာမှ ပြည်သူများ၊ မက်မွန်မုန်းကျေးရွာအုပ်စုမှ ပြည်သူများ စုပေါင်းကာ နမ့်စန်- မိုးနဲ- မိုင်းစိတ် လမ်းတစ်လျှေက်နှင့် အနီးဝန်းကျင် ကျေးရွာများအထိ စုပေါင်းအမှိုက်ကောက်ယူခဲ့ကြသည်။

 

အပတ်စဉ် အမှိုက်ကောက်ယူရှင်းလင်းခြင်းနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 

 

သူရအောင်(ပြန်/ဆက်)