ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား သုံးလတစ်ကြိမ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက   ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ခဲ့ကြောင်း  သိရသည်။ 
 
အဆိုပါ လူမှုရေးပင်စင်ငွေများကို မယ်စဲ့မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၇ ဦးအတွက် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလစာအတွက် ငွေကျပ်၂၁၀၀၀၀ ကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက အဘိုးအဘွားများ၏ လက်ဝယ်သို့ ထောက်ပံ့  ပေးအပ်ခဲ့ကြောင်း သိရသည်။
 
ဝတ်ရည်(မယ်စဲ့)