စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထက်တန်းအဆင့် ကဗျာရေးပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
 
 
အဆိုပါ ပြိုင်ပွဲများသို့ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ရွေးချယ်ခံရသော ကျောင်းသား/ကျောင်းသူ ၂၀ က အထက်တန်းအဆင့် ကဗျာရေးပြိုင်ပွဲတွင်  လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော မိမိတို့ ကြိုက်နှစ်သက်သော ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် "လွတ်လပ်ရေးအမွေထိန်းသိမ်းစို့လေ" ခေါင်းစဉ်ဖြင့် အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ  ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် ကျောင်းသား/ ကျောင်းသူ များအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများကို ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
ဟန်မျိုးကျော်(ကသာ)