မြောင်းမြမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကာ Myanmar Fitness Dance သင်တန်းကို မြောင်းမြခရိုင် Community Centre တွင် ယမန်နေ့ ညနေ ၄ နာရီမှ စတင် ကာ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြောင်းမြမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းပြ/ နည်းစနစ်မှူး ဒေါ်စုမြတ်သဲမှ ဒီဇင်ဘာ ၁၇ မှ ဒီဇင်ဘာ ၂၁ ထိ ညနေ ၄ နာရီမှ ၆ နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)