(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ တောင်တွင်းကြီးမြို့နယ်၊ မြို့ပေါ်ရှိကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို ကျောင်းသား ကျောင်းသူများ လွတ်လပ်ရေးကြိုးပမ်းခဲ့မှုနှင့် လွတ်လပ်ရေး၏ အနှစ်သာရ များကို သိရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။
ချိုမီအောင်(ပြန်/ဆက်)