ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင်  ရန်ကင်းမြို့နယ်တွင် ရပ်ကွက်အတွင်းရှိ ပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား အဆင်ပြေလွယ်ကူစွာ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ခိုင်ဇင်မြင့်နှင့် ဝန်ထမ်းများသည်   ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၈)ရပ်ကွက်  သာသနာ့ဂုဏ်ဆောင် ဓမ္မာရုံတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရန်ကင်းမြို့နယ်နေ ပြည်သူများအား အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လိုအပ်သော  အထောက်အထားများကို ပြည့်စုံစွာ ကြိုတင်ဆောင်ရွက်ထားရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)