ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေစေရန် ရည်ရွယ်၍ ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်း၊ လိုက်နာနိုင်ရေး အသိပညာပေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်က ပုလောမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ရဲမှူးအေးကျော်မြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးဇေမောင်မောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက အုပ်စု(၃)ခုခွဲ၍ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များကို ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ စတစ်ကာများကို အခမဲ့ ကပ်ပေး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရသည်။ 

 

 

ထူးဝေယံ (ပြန်/ဆက်)