စစ်တွေ ၁၇ ဒီဇင်ဘာ
ပြည်နယ်ကြက်ခြေနီအသင်းနှင့် စစ်တွေခရိုင် စီမံခန့်ခွဲကော်မတီတို့မှ တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် အောက်သင်ပုန်းတန်းကျေးရွာရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာ ယာယီခိုလှုံနေသူများအား သွားရောက် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ကြသည်။
ယနေ့တွင် အောက်သင်ပုန်းတန်းကျေးရွာရှိ နယ်မြေလုံခြုံရေးအခြေအနေကြောင့် နေရပ်စွန့်ခွာ ယာယီခိုလှုံနေသူ အိမ်ထောင်စု ၅၈ စုအတွက် ပုဏ္ဏားကျွန်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် ဆန်အိတ် ၃၀၊ ပြည်နယ်ကြက်ခြေနီနှင့် ခရိုင်စီမံခန့််ခွဲမှုကော်မတီမှ မိသားစုသုံးပစ္စည်းပုံး ၅၈ ပုံး၊ တစ်ကိုယ်ရေသုံးကျန်းမာရေးပစ္စည်းပုံး ၅၈ ပုံး၊ မီးဖိုချောင် သုံးပစ္စည်းပုံး ၅၈ ပုံးနှင့် မိုးကာအချပ် ၆၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဒီဇင်ဘာ ၁၆ ရက်ကလည်း အောက်သင်ပုန်းတန်းကျေးရွာရှိ နယ်မြေလုံခြုံရေး အခြေအနေကြောင့် နေရပ်စွန့်ခွာ ယာယီခိုလှုံနေသူ အိမ်ထောင်စု ၅၈ စုအတွက် ပုဏ္ဏားကျွန်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် ဆန်အိတ် ၂၀၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပစ္စည်း ၄ မျိုးနှင့် ဆန်ရိက္ခာဖိုး ငွေကျပ် ၆၀၉၀ဝ၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း- မော်စီ၊ ကိုမင်း
ဓာတ်ပုံ- ပုဏ္ဏားကျွန်း(ပြန်/ဆက်)