ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာစာရေးဆရာကလပ်မှ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဥက္ကဋ္ဌ(ဦး)ကောင်းသန့်၊ ဒု-ဥက္ကဋ္ဌ (၁) (ဒေါ်)စမ်းစမ်းနွဲ့( သာယာဝတီ)၊ ဒု-ဥက္ကဋ္ဌ(၂) ဒေါက်တာခင်မောင်ညို၊ အတွင်းရေးမှူး (ဦး)ထင်လင်းဦးနှင့် တွဲဖက်အတွင်းရေးမှူး(၂) (ဒေါ်)နှင်းဝေငြိမ်းတို့အား ယနေ့ညနေ (၄)နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်တွေ့ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စာပေဆိုင်ရာ၊ ပြည်သူ့နီတိဆိုင်ရာ စာပေဟောပြောပွဲများ၊ စကားဝိုင်းများ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

 

(သတင်းစဉ်)