ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy-CSA)များ၏ တက္ကသိုလ်အကြံပေးအဖွဲ့များ၊ တက္ကသိုလ်ပညာရပ်အဖွဲ့များ ပညာရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၁၈)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အစည်း အဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း တက်ရောက်အမှာ စကားပြောကြားသည်။
 
အစည်းအဝေးတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy- CSA) ပညာရေး လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက္ကသိုလ်အကြံပေး အဖွဲ့ အဖွဲ့ဝင်များက အကြံပြုတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက အကြံပြုတင်ပြချက်များအပေါ် သုံးသပ်၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
 
အစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွား၊ ဦးစောဗယ်လင်တိုင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်  ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy-CSA)များ၏ အကြံပေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရပ် အဖွဲ့များ၊ ဤအဖွဲ့ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ကြသည်။ 
 
(သတင်းစဉ်)