ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီမှ လူမူအကျိူးပြုလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မူဆယ်ကရုဏာလူမူရေးအသင်း သို့ လူနာတင်ယာဉ်(၂)စီး ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီ၏ Information Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူနာတင်ယာဉ်များ ပေးအပ်လှူဒါန်းပွဲတွင် နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းမှ လူနာတင်ယာဉ်ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်များအား ရှင်းလင်းတင်ပြခဲ့ပြီး မူဆယ် ကရုဏာလူမူကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ 

 

ယင်းနောက် နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူများထံသို့ မူဆယ်ကရုဏာ လူမူကူညီရေး အသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးသန့်ဇင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

ယင်းလူနာတင်ယာဉ်များမှာ Alphard မော်တော်ယာဉ်အမျိုးအစားများဖြစ်ပြီး ပေးအပ်လှူဒါန်းပွဲသို့ နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ မိုင်းယု (၁၀၅)မိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မူဆယ်ကရုဏာ လူမူကူညီရေးအသင်းမှ အသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်