တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ကျင်းပသော လူငယ်ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းဆွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၊မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးမင်းထွေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော် အမက-ရွှေဘုံသာ ကျောင်းအုပ်ကြီး ဦးမြင့်ဝေ၊ မြို့နယ်ပြေးခုန်ပစ် အားကစားနည်းပြ ဦးမြင့်ဆွေတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ အစားအသောက်ကဏ္ဍနှင့်မျိုးဆက်သစ်လူငယ်၊ အနာဂတ်လူငယ် စသည့် အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးကြသည်။
ထိုနောက် ကျောင်းသား ကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိရှိလိုသည်များပြန်လည် မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို မြို့နယ်အတွင်းမှ ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့ များ၊ နိုင်ငံရေးပါတီဝင်များ၊ ပရဟိတအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ ၄၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရရှိရသည်။
ဘုတ်ပြင်း( ပြန်/ဆက်)