နေပြည်တော် ၉ မေ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် UNDP/IPU ၏ လွှတ်တော် လုပ်ငန်းများ စီမံခန့်ခွဲမှုအစီအစဉ်အဖြစ် အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော ရလဒ်များကို လာရောက်တင်ပြသည့် ဟောင်ကောင်လွှတ်တော်ရုံး၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Ms. Pauline Ng နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာလွှတ်တော်ဖြစ်ပေါ်လာရေး၊ လွှတ်တော်ကော်မတီများ၏ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများအတွက် အရည်အသွေးမြှင့်တင်ရေးနှင့် ဆက်လက်အကူအညီပေးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)