သုံးခွ ၁ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာနေ တောင်သူ ဒေါ် မြင့်မြင့်သိန်း၏ ပဲတီစိမ်းစိုက်ခင်းဧက ၂၀ ရှိ ပဲပင်များ၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီတွင် ဥကပ်ပါးနဂျီကတ် ၈၀၀ သွားရောက် ချိတ်ဆွဲပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ချိတ်ဆွဲထားသဖြင့် ဥကပ်ပါးနဂျီကတ်များမှ အကောင်များ ပေါက်ဖွားလာပြီး ပဲတီစိမ်းပင်များတွင် ကျရောက်သော ငမြှောင်တောင်၊ ဖလံကောင်မျိုးနွယ် အုပ်စုများ၏ ဥများကို ဖျက်ဆီးစားသောက်ခြင်းကြောင့် ပိုးမွှားကောင်များ ပေါက်ပွားလာခြင်း မရှိတော့ဘဲ ပဲတီစိမ်းအပင်များ ပိုမိုရှင်သန်အောင်မြင်ဖြစ်ထွန်းမည်ဟု သိရှိရသည်။
ဥကပ်ပါးနဂျီကတ် တစ်ကတ်တွင် အကောင်တစ်ထောင်ပါရှိပြီး တစ်ဧကတွင် ကတ် ၄၀ ချိတ်ဆွဲပေးရ သည်။ ထိုသို့ကတ်ပြားများ ချိတ်ဆွဲပြီး တစ်ပတ်အတွင်း ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း မပြုလုပ်ရကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်မြင့်အောင်က ပြောကြားခဲ့သည်။
သုံးခွ ပြန်/ဆက်