နေပြည်တော် ၁ ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၄ နာရီ ၁၅ မိနစ်က ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွတ်ခိုင်-ကောင်းခါးသွား လမ်းမပေါ်တွင် မောင်းနှင်လာသည့် TOYOTA Mark II အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စစ်ဆေးသော နေရာမရောက်မီ ပေ ၃၀၀ ခန့်အကွာတွင် ယာဉ်အားရပ်တန့်ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွား၍ မော်တော်ယာဉ်အား ဆက်လက်ရှာဖွေရာ ဆပ်ပြာခွက် (၁၇၆)ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁ ဒသမ ၉၃၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိထားကြောင်း သိရသည်။     

 

(ရဲပြန်ကြား)