မက်မန်း ၃၁ မေ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့်နိုင်ငံဖြစ်ရာ နွေ၊ မိုး၊ ဆောင်း  သုံးရာသီ သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုမိုးရာသီတွင်လည်း ဒေသအလိုက် သီးနှံမျိုးစုံစိုက်ပျိုးနိုင်ရန် မက်မန်းမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများသို့ အစားထိုး သီးနှံမျိုးစေ့များ အခမဲ့ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို  ယနေ့ နံနက် ၁၁ နာရီက  အဆိုပါရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ  ဌာနဆိုင်ရာများ၊ တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မက်မန်းမြို့နယ် ကျေးရွာအုပ်စု (၁၁) အုပ်စုရှိ အစားထိုးသီးနှံ မိုးစပါးဖြစ်ထွန်းရေးအတွက် စပ်မျိုးစပါး (၄၉၀) ကီလိုအား  အခမဲ့ ထောက်ပံ့ဖြန့်ဝေပေးခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ဇော်မင်းက ယခုပေးအပ်သည့်  စပ်မျိုးစပါးမျိုးစေ့များ အောင်မြင်အောင် စိုက်ပျိုးပေးကြရန် အမှာစကားတွင် ထည့်သွင်းပြောကြားပြီး၊  စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးညီဆန်းဝင်းက စပ်မျိုး စပါးမျိုးစေ့များ အခမဲ့ထောက်ပံ့ပေးသည့်အကြောင်း၊ မျိုးစေ့များ ဖြစ်ထွန်းရန် ဆားရေစိမ် စိုက်ပျိုးခြင်းနှင့် အကျိုးသက်ရောက်မှုများအကြောင်းနှင့် “ဖော” ငမြှောင်တောင် Fall Armyworm (FAW) အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

 

mdn

 

မက်မန်းမြို့နယ် တောင်သူများသို့     မိုးစပါးမျိုးစေ့ ထောက်ပံ့ခြင်းသည်(၅)ကြိမ်မြောက် ပေးအပ်ခြင်းဖြစ်ပြီး စပ်မျိုးစပါးမျိုးစေ့များကို တောင်သူများသို့   မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ၊ မက်မန်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးစိုးနိုင် ၊စိုက်ပျိုးရေး ဦးစီးမှူးနှင့် မက်မန်းမြို့နယ် လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တာဝန်ခံ ဦးဇော်မင်းထွန်းတို့က  အသီးသီး ပေးအပ်ခဲ့ကြောင်း မက်မန်း (ပြန်/ ဆက်)မှ သတင်းရရှိသည်။

MDN