၂ ဇန်နဝါရီ

 

ဂျာအီဘိုဆိုနာရိုသည် ဘရာဇီးသမ္မတအဖြစ် အင်္ဂါနေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ဘရာဇီးလီးယား မြို့တော်တွင် ကျင်းပသည့် အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ကျူးဘားနှင့် ဗင်နီဇွဲလားခေါင်းဆောင် များကို ဖိတ်ကြားခဲ့ခြင်းမပြုပေ။

 

လက်ယာယိမ်း နိုင်ငံရေးသမားဖြစ်သော ဂျာအီဘိုဆိုနာရိုကို ၄င်း၏အစွန်းရောက်သော  မှတ်ချက်စကားများ ကြောင့် ဘရာဇီးထရမ့်ဟု ခေါ်ဆိုခဲ့သည်။ 

 

ဘရာဇီးနိုင်ငံအပေါ် ရန်လိုသောသူများက ၄င်းကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ကျမ်းသစ္စာမိန့်ခွန်းအတွင်း ဘိုဆိုနာရိုက ပြောကြားသည်။

 

 

၄င်းမှာ ပို၍သန်မာလာခဲ့ပြီး ဘရာဇီးနိုင်ငံအတွက် ဦးစားပေးရန် ကတိပြုကြောင်း ဘိုရိုနာဆိုကဆိုသည်။

 

အဆိုပါ အခမ်းအနားသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု တို့ လည်း တက်ရောက်ခဲ့ကြသည်။

 

ဘရာဇီးနှင့် ကျူဘားခေါင်းဆောင်များကို ဖိတ်ကြားခြင်းမပြုသည့် အကြောင်းကို ဂျာအီဘိုဆိုနာရိုက ရှင်းပြခဲ့သည်။ ဘရာဇီးနှင့် ကျူဘားခေါင်းဆောင်များကို ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်ခဲ့ခြင်းမဟုတ်ပဲ ၄င်းတို့မှာ အာဏာရှင်များဖြစ်ကြောင်း ဘိုရိုနာဆိုက ပြောကြားသည်။

 

 

ဗင်နီဇွဲလားသမ္မတက ဂျာအီဘိုဆိုနာရို၏ မှတ်ချက်စကားများကို ဝေဖန်လိုက်ပြီး ဘရာဇီးနိုင်ငံမှာ အမေရိကန်နိုင်ငံကဲ့သို့  နယ်ချဲ့နိုင်ငံတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

ကျူးဘားနိုင်ငံကမူ ဘရာဇီးနိုင်ငံသို့ စေလွှတ်ခဲ့သည့် ဆရာဝန်များကိုပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်