နေပြည်တော်  ၉  ဇွန်  

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်းနှင့်အဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ  မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့တွင်  ဇွန်  ၆  ရက်မှ  ၇  ရက်အထိ ကျင်းပသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးများ အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ည ၁၁ နာရီ ၃၅ မိနစ်တွင် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိလာရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)