နေပြည်တော် ၉ ဇွန်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်းနှင့်အဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့တွင် ဇွန် ၆ ရက်မှ ၇ ရက်အထိ ကျင်းပသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးများ အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ည ၁၁ နာရီ ၃၅ မိနစ်တွင် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိလာရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
(သတင်းစဉ်)