ကျိုက်ဒုံ ၂ ဇန်နဝါရီ 

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပွဲတော်ကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ကျိုက်ဒုံမြို့ပေါ်ဘော်လုံးအသင်း၊ ကျေးရွာဘော်လုံးအသင်း စုစုပေါင်း ၂၃ သင်း၊ ပိုက်ကျော်ခြင်း၊ အမျိုးသား အမျိုးသမီး ဘော်လီဘော်အသင်းများ ပါဝင်ယှဉ်ပြိုင်နေကြပြီး ဆုပေးပွဲအခမ်းအနားကို ကရင်နှစ်သစ်ကူးနေ့တွင် ဆုများပေးအပ်မည်ဖြစ်သည်။

 

 

ထို့နောက်(၈၁)နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ ဒုံးယိမ်းပြိုင်ပွဲများ၊ ဇာတ်သဘင်များ စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပြီး ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုပြခန်းများ ပြသဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။

 

သန်းထွန်းနိုင်(ပြန်/ဆက်)