mdn

ကြံခင်း  ၂ ဇန်နဝါရီ

 

လူမှုဖူလုံရေးအဖွဲ့ (Mobile Medical Unit)မော်တော်ယာဉ်ဖြင့် အခမဲ့ ဆေးကုသမှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ကြံခင်းဘိလပ်မြေစက်ရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူမှုဖူလုံရေးအဖွဲ့တွင် ဒေါက်တာမင်းမင်း၊ ဒေါက်တာယဉ်နွယ်စိုးနှင့် အဖွဲ့ဝင် ၁၄ ဦးပါဝင်ပြီး ကြံခင်း အမှတ်(၃၂) အကြီးစား ဘိလပ်မြေစက်ရုံရှိ လူမှုဖူလုံရေးအသင်းဝင် အာမခံအလုပ်သမား (၉၀၅)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ smart card ပြုလုပ်ပေးရန်အတွက် ဇန်နဝါရီ ၂ ရက်မှ ၃ ရက်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပို့ပို့(ပြန်/ဆက်)