နယူးဒေလီ ၁၇ ဇွန် 

အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO)က ၂၀၂၀ ပြည့်နှစ်တွင် နေအဖွဲ့အစည်းအား ပထမဆုံးအကြိမ်လေ့လာရန် အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။

အထက်ပါစီစဉ်ထားရှိမှုကို အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) ဥက္ကဋ္ဌ ကေဆီဗင်က ကြေညာ ခဲ့ပြီး အဆိုပါအစီအစဉ်အား Aditya-L1 ဟု နာမည်ပေးထားသည်။

ပို့လွှတ်

အဆိုပါခရီးစဉ်၏ ရည်ရွယ်ချက်သည် နေအဖွဲ့အစည်းအား မျက်ခြည်မပြတ်စောင့်ကြည့်ရန်ဖြစ်ပြီး နေထီးဆောင်း သည့်ဖြစ်စဉ်ကို အဓိကလေ့လာရန်ဖြစ်ကြောင်း သိရသည်ဟု ဆီဗင်က နယူးဒေလီမြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့ပြင် နေအဖွဲ့အစည်းနှင့်ပတ်သက်ပြီး လေ့လာစရာများစွာကျန် ရှိနေသေးကြောင်း ၄င်းက ဆိုသည်။

Aditya-L1 အစီအစဉ်တွင်  ဂြိုဟ်တုကို  ကမ္ဘာမြေကြီးမှ  ၁  ဒသမ  ၅  မီလီယံ ကီလိုမီတာဝေးကွာသော Lagrangian  အမှတ် (၁) ဂြိုဟ်တုပတ်လမ်းကြောင်းအတွင်းသို့ ပို့လွှတ်ပြီး နေအဖွဲ့အစည်းအား မျက်ခြည်မပြတ်စောင့်ကြည့်စေမည်ဖြစ်ကြောင်း သိရသည်။

ပြန်လည်အဆင့်မြှင့်တင်

ထို့ပြင် အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO)က ၂၀၃၀ ပြည့်နှစ်မတိုင်မီ အာကာသစခန်းတစ်ခုတည်ထောင်ရန် စီစဉ်လျက်ရှိသည်။

ယခုအချိန်တွင် အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO)သည်  လကမ္ဘာသို့ ဒုတိယအကြိမ်သွားရောက်မည့်အစီအစဉ် Chandrayaan-2  နှင့်ပတ်သက်ပြီး ကြိုးပမ်းလျက်ရှိသည်။ Chandrayaan-2 ဂြိုဟ်တုသည် ဇူလိုင် ၁၅ ရက်တွင် စတင်ထွက်ခွာမည်ဖြစ်သည်။ အစီအစဉ် Chandrayaan-2 သည် လွန်ခဲ့သော ၁၀ နှစ်အကြာက လကမ္ဘာပေါ်သို့ သွားရောက်ခဲ့သည့် အစီအစဉ် Chandrayaan-1 အား ပြန်လည်အဆင့်မြှင့်တင်ထားသည့် ဂြိုဟ်တုဖြစ်သည်။

ဆင်ဟွာ