နေပြည်တော် ၂ ဇန်နဝါရီ
မောင်တောမြို့နယ်၊ ကြိမ်ချောင်း-တောင်ပြိုသွားကားလမ်း ကြိမ်ချောင်း စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က မောင်တောမှ တောင်ပြိုသို့ ယာဉ်မောင်း လှသန်း (၄)မိုင်သာယာကုန်းရွာ၊ မောင်တောမြို့နေသူ မောင်းနှင်လာသည့် 7I/---- NOAX ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်ပါသည့် ခရီးသည် မဝိုင်းချေ (ခ) ခင်စန္ဒာသန်း တောင်ပြိုဝဲ ကျေးရွာနေသူ၏ ခရီးဆောင် အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၉၅၀ဝ၀ (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် ၃၉၀ဝ၀ဝ၀ဝ၀ ကျပ်) အား ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးမေးမြန်းချက်များအရ မူးယစ်ဆေးဝါးများအား ၎င်း၏ခင်ပွန်း မင်းမင်းမှ ပြဿဒ်ကျေးရွာမှ တင်ဆောင်ပေးခဲ့၍ သယ်ဆောင်လာခြင်းဖြစ်ပြီး မင်းမင်းမှာ ဆိုင်ကယ်ဖြင့် ယာဉ်နောက်မှ လိုက်ပါလာခဲ့ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ကြိမ်ချောင်း နယ်မြေရဲစခန်း မူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး၍ ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(ရဲပြန်ကြား)