နေပြည်တော် ၂ ဇန်နဝါရီ
၂၀၁၈ ခုနှစ်အတွင်း သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း အောင်မြင်သော သစ်လွင်သူနာပြု ၁၆၃၃ ဦးတို့အား ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် အခြားနေရာများတွင် ခွဲဝေခန့်ထားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့သို့ ခွဲဝေခန့်ထားရာတွင် ဗဟိုအဆင့် ဆေးရုံကြီးများတွင် ၄၅၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၁၁၄၄ ဦးနှင့် အခြားနေရာများတွင် ၃၃ ဦးတို့ကို ခန့်ထားမည် ဖြစ်သည်။
MDN