နေပြည်တော် ၁၈ ဇွန်

တရားမဝင် ဂြိုဟ်တုစလောင်းရုပ်သံလိုင်းများ၊ Online TV Channel များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

4559

 

ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ လွှတ် တော် ကိုယ်စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ရေးအသင်းဥက္ကဋ္ဌ၊ ဒါရိုက်တာများနှင့် အသင်းဝင်များ၊ Content Provider များနှင့် Online မီဒီယာလုပ်ငန်းများမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

5086

 

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မိမိတို့နိုင်ငံတွင် ဥပဒေအရ တရားဝင်ခွင့်ပြုထားသည့် ရုပ်သံလွှင့်လုပ်ငန်းနှင့် ပတ်သက်လျှင် နိုင်ငံတော်ပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် တပ်မတော်ပိုင်မြဝတီရုပ်မြင်သံကြားတို့ရှိပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် Forever Group နှင့် SkyNet တို့ရှိပါကြောင်း၊ နောက် ပိုင်းတွင် ရုပ်သံလွှင်လုပ်ငန်းလုပ်ကိုင်ရန် ၅  ဦးကို လုပ်ပိုင်ခွင့် ခွင့်ပြုပေးခဲ့ပါကြောင်း။ 

သို့သော် မိမိတို့နိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်လာသည့် တရားမဝင် သော၊ ဥပဒေအရခွင့်ပြုထားခြင်းမရှိသော စလောင်းများ များစွာရှိပါကြောင်း၊ စလောင်းများနှင့်ပတ်သက်သည့် အကျိုးသက်ရောက်မှုသည် အလွန် အင်မတန်ကြီးမားပါကြောင်း၊ နိုင်ငံတော်ကို အခွန်အခပေးပြီး လုပ်ကိုင်နေသည့်လုပ်ငန်းရှင်များအတွက် စီးပွားရေးအရ ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါကြောင်း၊ ထို့ပြင် မိမိတို့ နိုင်ငံနှင့် လူမျိုးများ၏ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အယူအဆ၊ ဘာသာရေး စသည့်တို့အပေါ်တွင် ကြီးမားသည့် လွှမ်းမိုးမှုများရှိပါကြောင်း။

ထို့ပြင် နောက်ပိုင်းကာလ၌ ပေါ်ပေါက်လာသည့် TV Channel များနှင့် အွန်လိုင်း TV များကိစ္စဖြစ်ပါကြောင်း၊ အရေအတွက်အားဖြင့် တိတိကျကျပြောဆိုရန် ခက်ခဲပါ ကြောင်း၊ အဆိုပါ Channel များကို လေ့လာကြည့်ပါက အချို့ Channel များသည် စည်းနှင့်ကမ်းနှင့် စနစ်တကျရှိသော်လည်း အချို့ Channel များသည် စည်းကမ်း လိုက်နာမှု အားနည်းပါကြောင်း။ 
  
ယင်းကိစ္စရပ်များကို လစ်လျူရှုထားပါက အင်မတန်ဆိုးရွားသည့် အကျိုးဆက် များဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ်ကြပါကြောင်း၊ ထို့ကြောင့် အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အဖြေရှာရန် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုဆွေးနွေး ပွဲသည် အငြင်းအခုန်လုပ်မည့် Debate မဟုတ်ပါကြောင်း၊ Brainstorming ပုံစံမျိုး ဖြစ်စေလိုပါကြောင်း၊ အမြင်ဖလှယ်ရန်၊  ဝိုင်းဝန်းအကြံပြုဆွေးနွေးရန်၊ ထွက်ပေါ် လာမည့် ရလဒ်များအပေါ် သုံးသပ်အဖြေရှာရန်ဖြစ်သည့်အတွက် ဥပဒေပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ကိုယ်စားပြုသည့် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားစီစဉ်ထားပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းအဖြေရှာကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းဥက္ကဋ္ဌ ဦးကိုကိုက နယ်စပ်များမှ တရားမဝင် ဝင်ရောက်လာသည့် စလောင်းနှင့် ဆက်စပ် ပစ္စည်းများမှ ထုတ်လွှင့်နေသည့် တရားမဝင်ရုပ်သံလိုင်းများ၊ တစ်နည်းအားဖြင့် illegal content များ အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရန်လိုအပ်ပါကြောင်း၊ တရားမဝင် ရုပ်သံလိုင်းများနှင့် အစီအစဉ်များသည် နိုင်ငံတော်က ပြဌာန်းထားသည့် ဥပဒေများ၏ ပြင်ပမှတစ်မျိုး၊ ဥပဒေကို လက်တစ်လုံးခြား တစ်မျိုးဖြင့် မိမိတို့၏ အချုပ်အခြာ လေပိုင်နက်ကို ကျူးကျော် ဝင်ရောက်နေပါကြောင်း။

သို့ဖြစ်၍ နိုင်ငံတော်က ပြဌာန်းထားသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မည်ဟု ခံယူထားပါကြောင်း၊ ဥပဒေတိုင်းတွင် စံနှုန်းများသတ်မှတ်ခြင်း၊ အမိန့်တည်မြဲစေခြင်း၊ အငြင်းပွားမှုကိုဖြေရှင်းခြင်း နှင့် လွတ်လပ်မှုနှင့် အခွင့်အရေးများကို ကာကွယ်ပေးခြင်းဆိုသည့် ရည်ရွယ်ချက်လေးရပ် ရှိသည်ဟု သိရပါကြောင်း။

ဥပဒေအရ ရသင့်ရထိုက်သည့် လွတ်လပ်မှုနှင့် အခွင့်အရေးများကို ကာကွယ်ပေး ကြရမည်ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေမှုများကို အကာ အကွယ်ပေးခြင်းနှင့် ဥပဒေမဲ့ တစ်နည်းအားဖြင့် တရားမဝင် လုပ်ကိုင်ဆောင်ရွက်နေမှုများကို တားဆီးပေးရခြင်းဟု နားလည်နိုင်ပါကြောင်း၊ ယင်းအချက်များကိုအခြေခံပြီး ဆွေးနွေးကြမည်ဆိုပါက ရလဒ်ကောင်းများ ထွက်လာမည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တရားမဝင်ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ၏ လက်ရှိအခြေအနေနှင့် ဈေးကွက်အခြေအနေခေါင်းစဉ်ဖြင့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ဒုတိယအင်ဂျင်နီယာချုပ် ဒေါ်ဇင်ဝါကြူက ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း ဒါရိုက်တာ ဦးမင်းမင်း၊ ကုန်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်ရည်မွန်၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက် အကြီးတန်းအမှုဆောင်ဒါရိုက်တာ ဒေါက်တာသိန်း သန်းဦးနှင့်  Canal Plus Myanmar Ltd မှ ဥပဒေရေးရာကျွမ်းကျင်သူ ဒေါ်ရည်ရည်မြင့် တို့က ၎င်းတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဆွေးနွေးကြပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီအောင်မည်သို့လုပ်ဆောင် သင့်သည်၊ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို အကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ တရားမဝင်ဂြိုလ်တုစလောင်း ရုပ်သံလိုင်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း ဥက္ကဋ္ဌ ဦးကိုကိုက ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုခင်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ ရဲမှူးကြီးထွန်းနေဝင်းနှင့် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေး အေးဝင်းတို့က ၎င်းတို့၏ အတွေ့အကြုံများအပေါ်အခြေခံ၍ သက်ဆိုင်ရာ နယ်ပယ် အလိုက်ဆွေးနွေးကြပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီအောင်မည်သို့ လုပ်ဆောင်သင့်သည်၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို အကြံပြုဆွေးနွေးကြသည်။

ထို့နောက် Online TV များ၏ လက်ရှိအခြေအနေခေါင်းစဉ်ဖြင့် ရွှေသံလွင်မီဒီယာကုမ္ပဏီ လီမိတက် Senior Chief Engineer  ဦးသိန်းလင်းက ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး ကမာရွတ်မီဒီယာ Executive Producer ဦးနေသန်မောင်၊ Forever Group Co.,Ltd General Manager ဦးကျော်ကျော်၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း အတွင်းရေးမှူး ဦးဇော်သက်မောင်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး(အသံလွှင့်) ဦးဇေယျာတို့က ၎င်းတို့၏ အတွေ့အကြုံများအပေါ် အခြေ ခံ၍ သက်ဆိုင်ရာ နယ်ပယ်အလိုက်ဆွေးနွေးကြပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေ နှင့် ကိုက်ညီအောင်မည်သို့ လုပ်ဆောင်သင့်သည်၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို အကြံပြုဆွေးနွေးကြသည်။

ယင်းနောက်  Online TV များနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများခေါင်းစဉ်ဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူး ချုပ်(ငြိမ်း) ဦးဝင်းကြည်က ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး အရင်းအမြစ်စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စိမ့်စိမ့်အေး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်သူများအသင်းဝင် ဦးရဲနိုင်စိုး၊ မှုခင်းတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအောင်နှင့် 7 days အမှုဆောင်အရာရှိချုပ် ဦးသောင်းစုငြိမ်းတို့က ၎င်းတို့၏ အတွေ့အကြုံများ အပေါ် အခြေခံ၍ သက်ဆိုင်ရာ နယ်ပယ်အလိုက်ဆွေးနွေးကြပြီး မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေနှင့် ကိုက်ညီအောင်မည်သို့ လုပ်ဆောင်သင့်သည်၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ၊ စိန်ခေါ်မှုနှင့် အခက်အခဲများကို အကြံပြုဆွေးနွေးကြသည်။

ဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်း ခဲ့ကြပြီး သက်ဆိုင်ရာကျွမ်းကျင်သူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ညနေပိုင်းတွင် ခေါင်းစဉ်အလိုက်ကျင်းပသည့် ဆွေးနွေးပွဲများမှ ရရှိလာသည့် ဆွေးနွေးချက်များပေါ် အနှစ်ချုပ်အဆုံးသတ်ခြင်း အစီအစဉ်ကို ဆောင်ရွက်ရာ   ညှိနှိုင်း ရေးမှူးများဖြစ်ကြသည့် ဒေါ်ဇင်ဝါကြူ၊ ဦးကိုကို၊ ဦးသိန်းလင်းနှင့် ဦးဝင်းကြည်တို့က အစီအစဉ်အနှစ်ချုပ်နှင့်  ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်တင်ပြကြပြီး  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ 

(သတင်းစဉ်)