၃ ဇန်နဝါရီ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၄င်းသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းထံမှ စာတစ်စောင် ရရှိခဲ့ပြီး မဝေးတော့သည့် အနာဂတ်ကာလတွင် ထရန့်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားသည်။


ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် ဝန်ကြီးမျာအစည်းအဝေးတွင် အဆိုပါ အကြောင်းအရာကို ထရန့်က ပြောကြားခဲ့သည်။

 

အမေရိကန်အစိုးရအနေဖြင့် အာရှတိုက်တွင် ကောင်းမွန်သောအရာများ လုပ်ဆောင်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နှစ်က ပထမအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲနှင့် မြောက်ကိုရီးယားခေါင်း ဆောင်နှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်နိုင်ခဲ့မှုကို ထရန့်က အလေးပေးပြောကြားခဲ့သည်။

 

ကင်နှင့် နောက်တစ်ကြိမ်တွေ့ဆုံရန် မျှော်လင့်နေကြောင်း ထရန့်က ပြောကြားခဲ့သည်။

 

အင်္ဂါနေ့က ပြုလုပ်သည့် နိုင်ငံပိုင်ရုပ်သံ၌ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်းတွင် သူအနေဖြင့် မည်သည့်အချိန်တွင်မဆို ကင်နှင့်နောက်တစ်ဖန်တွေ့ဆုံရန် အဆင်သင့်ဖြစ်နေကြောင်း ထရန့်က ပြောကြားခဲ့သည်။

 

သို့သော်လည်း အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လက် ထားရှိပါက မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရွေးချယ်စရာမရှိပဲ နည်းလမ်းသစ်တစ်ရပ် ရှာဖွေရမည်ဟု ကင်က ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်