၃ ဇန်နဝါရီ
ရုရှားနိုင်ငံ အလယ်ပိုင်းတွင် တနင်္လာနေ့က ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားရာ သေဆုံးသူဦးရေ ၃၀ထိ မြင့်တက်လာခဲ့သည်။
မန်နီတိုဂရက်မြို့ရှိ ၁၀ ထပ် လူနေအဆောက်အဦ၏ တစ်စိတ်တစ်ပိုင်းမှာ ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည်။
ကလေးငယ်များအပါအဝင် လူပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီး အခြားသူ၁၀ဦးလည်း ပျောက်ဆုံးနေကြောင်း ရုရှားနိုင်ငံ အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
အနုတ် ၁၅ဒီကရီစင်တီဂရိတ်အထိ အေးခဲနေသော်လည်း ညပိုင်းတွင် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်ပြုလုပ်ခဲ့ရသည်။
အင်္ဂါနေ့တွင် ရှာဖွေရေးအဖွဲ့တစ်ဖွဲ့က အဆောက်အဦပျက်အောက်မှ ၁၁လအရွယ် ကလေးငယ်တစ်ဦးကို ကယ်ဆယ်ခဲ့သည်။
ကလေးငယ်ကို မိခင်နှင့်ပြန်လည်ပေါင်းစည်းစေခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ကလေးငယ်ကို မော်စကိုရှိ ဆေးရုံတစ်ခုတွင် ဆေးကုသပေးနေပြီး အခြေအနေ တည်ငြိမ်နေပြီဖြစ်သည်ဟု ယင်းဝန်ကြီးဌာနက ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်