သီးကုန်း ၃ ဇန်နဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှ လိမ်လည်မှုနှင့် ထွက်ပြေးနေသော သီလရှင် ဒေါ်နန္ဒမာလာအား သီးကုန်းအမြန်လမ်း ရဲစခန်းမှ ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့မရဲစခန်းမှ (ပ)၄၈၃/၂၀၁၈ ပုဒ်မ ၄၂၀ အမှုမှ ဒေါ်နန္ဒမာလာ(၄၆)နှစ် ဒိုက်ဦးမြို့နယ် သံတံတားရပ် ခေမာသီရိကျောင်းနေသူနှင့် တောင်ကြီးမြို့ အေးသာယာရပ်ကွက်နေ နီလာမြတ်(၃၈)နှစ်တို့ လိုက်ပါလာပြီး ယာဉ်မောင်းအဖြစ် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်နေ ကျော်သူရ (၄၁)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN/ 7F/------ TOYOTA CROWN အနက်ရောင်ဆိုင်ကယ်အား သီးကုန်း အမြန်လမ်း ရဲစခန်းမှ ဒုရဲအုပ် မိုးညွှန့်ဦးနှင့် အဖွဲ့ ပိတ်ဆို့ရှာဖွေနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သီးကုန်း အမြန်လမ်းရဲစခန်းမှ သိရသည်။

 

ဒေါ်နန္ဒမာလာနှင့် အဖွဲ့အား မိတ္ထီလာ မှုခင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဘိုဘို(မလှိုင်)