ဗန်းမောက် ၃ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် နားပင်ကျေးရွာအနီး တောအတွင်းမှ တရားမဝင် တင်ဆောင်လာသည့် တမလန်း ဓားရွေတုံး ၃၇ တုံးနှင့် ယာဉ်တစ်စီးဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဗန်းမောက်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ကြောင်လည်ဘိနယ် နားပင်ကျေးရွာအနီး တောအတွင်သစ်မှောင်ခို သတင်းအရ ဝင်ရောက်ရှာဖွေရာ တရားမဝင် တမလန်း ဓားရွေတုံး ၃၇ တုံး၊ ၈.၂၀၀၄ တန်နှင့် စူပါကာစတန် ယာဉ်တစ်စီးကို ဖမ်းဆီးရမိသဖြင့် ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်နှင့် ပစ္စည်းပိုင်ရှင်များ အမြန်ဖမ်းဆီးရမိရေးအတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လူအောင်(ကသာ)