ရေဦး ၉ ဇူလိုင်
ရေဦးမြို့နယ် ပုဏ္ဍကားကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ အာဇာနည်နေ့နှင့် ပတ်သက်၍ လေ့လာသိရှိ မှတ်သားမိစေရန် ရည်ရွယ်ကျင်းပသော အခြေခံပညာ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဇူလိုင် ၈ ရက်နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၅၄ ဦး၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ညနေပိုင်းတွင် ပြိုင်ပွဲအလိုက် ဆုရရှိကြသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သန်းထိုက် (ရေဦး)


