ရေဦး ၉ ဇူလိုင် 


ရေဦးမြို့နယ် ပုဏ္ဍကားကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ  အာဇာနည်နေ့နှင့် ပတ်သက်၍ လေ့လာသိရှိ မှတ်သားမိစေရန် ရည်ရွယ်ကျင်းပသော အခြေခံပညာ မူလတန်းအဆင့်  စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဇူလိုင် ၈ ရက်နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။ 


မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံး  ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၅၄ ဦး၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ   ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ညနေပိုင်းတွင် ပြိုင်ပွဲအလိုက် ဆုရရှိကြသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 


သန်းထိုက် (ရေဦး)