ဘိုကလေး ၃ ဇန်နဝါရီ
မြန်မာနိုင်ငံဆရာဝန်အသင်း အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းပညာအဖွဲ့ဥက္ကဋ္ဌ အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးကျော်စိုးထွန်း ဦးဆောင်သော အသည်းရောဂါ သိကောင်းစရာ လူထုပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီက ဘိုကလေးမြို့နယ် မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဘိုကလေးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးဝင်းခိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး ဒေါက်တာထက်စုအောင်ရွှင်မှ အသည်းရောင် အသားဝါရောဂါနှင့် ပတ်သက်သော သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ အရက်နှင့် အသည်းရောဂါအကြောင်း၊ အရက်ကြောင့် ဖြစ်ပေါ်လာနိုင်သော လူမှုရေး၊ ကျန်းမာရေး ပြဿနာများအား အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးကျော်စိုးထွန်းမှ ဆွေးနွေးပြီးနောက် အခမ်းအနား တက်ရောက်လာကြသူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ပါမောက္ခ ဒေါက်တာဦးကျော်စိုးထွန်းမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးဌာနမှ (B/C) ပိုးရှိ/မရှိ စစ်ဆေးရန် လျှောက်လွှာတင်ခဲ့သူများအား (B/C) ပိုးရှိ/မရှိ သွေးဖောက်စစ်ဆေးပေးခဲ့ပြီး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN
