မောင်ခိုင်မာ(အထက်မင်းလှ)
“ကျုပ်ကမေတ္တာနှင့် သစ္စာကိုရှေ့ထားပြီးအုပ်ချုပ်မယ်။ တကယ်လို့ကောင်းတယ်၊ မှန်တယ်ထင်ရင် အသက်စွန့်ရဲတယ်}}ဟု ၁၉၄၇ ခုနှစ် ဧပြီလက မွေးရပ်မြေ နတ်မောက်မြို့ဒီပင်္ကရာကျောင်းဝင်းအတွင်း ကျင်းပသော လူထုအစည်းအဝေး၌ ပြောကြားခဲ့သလို ]]မိမိတို့ယုံကြည်သောဝါဒအတွက် အသက်ကိုပင်စွန့်သွားကြ သော အာဇာနည်များအား မိမိသည်ချီးကျူးကြောင်း၊ ထိုစိတ်မျိုးကို ကျန်ခဲ့သူများက ထပ်တလဲလဲမွေးမြူ အပ်ကြောင်း၊ အမျိုးဘာသာနှင့် နိုင်ငံအတွက် အသက်စွန့်ရန်ကြောက်နေသော နိုင်ငံတိုင်းမှာ မကြီးပွားနိုင်ကြောင်း” စသဖြင့် ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အရှေ့အာရှတိုက်စစ် တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်း အနားတွင် ပြောကြားခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်တို့ ကျဆုံးခဲ့ရသည်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၂ နှစ် တင်းတင်းပြည့်မြောက်လေပြီ။
အာဇာနည်
အာဇာနည်ဟူသည်မှာ “အာဇာနည်” ဟူသော ပါဠိမှဆင်းသက်လာပြီး “အကြောင်းဟုတ်၊ မဟုတ်ကိုကောင်းစွာသိသောသူ၊ သာမန်ထက်လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ” ဟူ၍ မြန်မာအဘိဓာန်က ဖော်ပြသည်။ ဒုကင်္ဂုတ္တရကျမ်း၊ စတုကင်္ဂုတ္တရကျမ်းတွင် “မကြောက်မရွံ့မတွန့်မဆုတ်ဘဲ ကြောင်းကျိုးဟုတ်မှန်ရာ ကို ဝေဖန်တတ်သောပုဂ္ဂိုလ်”ဟု ဆိုသည်။ တစ်နည်းအားဖြင့်အတ္တကိုစွန့်ပြီး ပရဟိတအတွက် စွန့်စားလုပ်ကိုင်သူ၊ မိမိ၏လုံ့လဥဿကြောင့် အများပြည်သူ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေသူကို အာဇာနည်ဟု ခေါ်ဆိုထိုက်ပေသည်။
“ဓမ္မပဒ၊ ဗုဒ ̈ဝဂ်” တွင် ဒုလ္လာဘောပုရိသဇညော၊ နသောသဗ္ဗတ္ထဗာယတိ၊ ယတ္ထသောဇယတိဓိရော၊ တံကုလံသုခေမေဓတိ” (လူယောကျာ်းမြတ် အာဇာနည်ဟူသည် လွန်စွာဖြစ်ခဲ၊ ရခဲလှ၏။ အမြော်အမြင်ဉာဏ်နှင့်ပြည့်စုံသော ထိုအာဇာနည်ယောကျာ်းမျိုးသည် အကြင်သို့သောတိုင်းနိုင်ငံ၊ အကြင်သို့သော အရပ်ဒေသ၊ အကြင်သို့သော လူမျိုး၌ တစ်ရံတစ်ဆစ်ဖြစ်ထွန်းလာသည်ဖြစ်လေအံ့၊ ထိုတိုင်းနိုင်ငံ၊ ထိုအရပ်ဒေသ၊ ထိုလူမျိုး သည် ချမ်းသာခြင်းရှိသည်ဖြစ်၍ ကြီးပွားလေ၏)ဟု ဆိုပါ သည်။
မည်သည့်ဂုဏ်အရည်အချင်း၊ မည်သည့်ပေတံဖြင့်တိုင်းထွာသည်ဖြစ်စေ၊ ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားသူရဲကောင်းတစ်ဦးဖြစ်သလို အာဇာနည်တစ်ဦးလည်း ဖြစ်ပေသည်။
မရှုမလှ ကြွေလိုက်ရသည်
ဆရာဇော်ဂျီက “အာဇာနည်နေ့ဆန္ဒ” ဟူသော ကဗျာတွင် “အမိုက်ကမ်းခတ်သူ့အတတ်ကြောင့်၊ လွတ်မှုကြိုးပမ်း၊ ခုလတ်လမ်းတွင်၊ ဆန်းတို့တစ်စု၊ တိုင်း ပြည်ပြုတို့၊ မရှုမလှ၊ ြွေကလိုက်ရသည်၊ ကျခဲ့မကောင်း၊ ကျခဲ့ကြောင်း”ဟု ဝမ်းနည်းတသ ဖွဲ့ဆိုပြလိုက်သည်။ “ဗိုလ်ချုပ်ကျဆုံးခြင်းသည် မြန်မာနိုင်ငံအတွက်သာမက အာရှအတွက်ပါ ခေါင်းဆောင်ကြီးတစ်ဦးကျဆုံးခြင်း” (Not Burma, but Asia has lost a great leader)ဟု ၁၉၄၇ ခုနှစ် ဩဂုတ်လထုတ် အင်္ဂလိပ်စာမဂ္ဂဇင်း FORUN တွင်အန္ဒိယခေါင်းဆောင် “ဂျဝါဟလာနေရူး”က ညွှန်းဆိုဖော်ပြခဲ့ပေသည်။ မှန်ပေသည်။ သမိုင်းတွင်၍ တစ်ခေတ်တစ်ယောက် ထွန်းထွန်းပေါက်ပေါက် ပေါ်ထွန်း ဖို့ရန် လွန်စွာခဲယဉ်းလှသည့် သူရဲကောင်းအာဇာနည်တစ်ဦး ဆုံးရှုံးရခြင်းသည် အနန္တဆုံးရှုံးမှုကြီးဖြစ်သည်။ စားပြန်မရနိုင်သော ဆုံးရှုံးမှုကြီးဖြစ်သည်။
မြန်မာ့အတိတ်သမိုင်းကို ပြန်ပြောင်းကြည့်လျှင်ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် အေးချမ်းစွာနေလာခဲ့ကြသော မြန်မာတိုင်းရင်းသားပြည်သူတို့ကို နယ်ချဲ့တို့က ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲ သိမ်းပိုက်ခဲ့လေသည်။ ထီး သုဉ်းနန်းသုဉ်း လွတ်လပ်ရေးဆုံးရှုံးခဲ့ရသော မြန်မာတိုင်းရင်း သား မိဘ၊ ဘိုး၊ ဘွားတို့သည် ရရာလက်နက်စွဲကိုင်ကာ တောင်ပေါ်မြေပြန့်နေရာအနှံ့တွင် တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်းဖြင့် ၁၈၈၅ မှ ၁၉၀ဝ ပြည့်နှစ်အလွန်အထိ အသက်သွေးချွေးများစွာစတေး၍ ခုခံတော်လှန်တိုက်ပွဲဝင်ခဲ့ကြ သည်။ ၁၉၀၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေ၊ ၁၉၁၉ ခုနှစ်တွင်ဂျီစီဘီအေအဖွဲ့များကို ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးလုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်ကျောင်းသား သပိတ်၊ ဆရာစံအရေးတော်ပုံ၊ ၁၃၀ဝ ပြည့်အရေးတော်ပုံများက သမိုင်းမှတ်တိုင်များအဖြစ် ထင်ရှားစွာပေါ်ထွန်းခဲ့သည်။ အဆိုပါ အရေးတော်ပုံများမှ မြန်မာ့လွတ်လပ်ရေးကိုနိုင်ငံရေးနည်းသာမက စစ်ရေးနည်းဖြင့်ပါ တိုက်ယူရမည်ကို သိရှိ်ခံယူသွားသော သခင်အောင်ဆန်းသည် ၁၉၄၀ ပြည့်နှစ်တွင် ပြည်ပအကူအညီရှာထွက်ခဲ့သည်။ ဂျပန်တွင်စစ်ပညာသင်ယူပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ကိုစတင်ဖွဲ့စည်းလိုက်သည်။ နယ်ချဲ့တို့ကို မြန်မာ့မြေမှမောင်းထုတ်လိုက်ကြသည်။ သို့သော် ဗမာ့တပ်မတော်ကိုကူညီခဲ့သော ဂျပန်တို့က မြန်မာကို ရွှေရည်စိမ်လွတ်လပ်ရေးပေးပြီး သိမ်းယူထားပြန်သည်။ ဖက်ဆစ်ဝါဒ ၏ ခါးသီးသော ညှဉ်းပန်းနှိပ်စက်မှုကို ခံကြရပြန်သည်။ ထို့ကြောင့် ဖ က်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး (ဖတပလ)ကို လျှို့ဝှက်ဖွဲ့စည်းပြီး ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ကိုမောင်းထုတ်လိုက်ကြသည်။
သို့သော် အရင်းရှင်နယ်ချဲ့ဗြိတိသျှတို့က ပြန်ဝင်လာပြီးအုပ်ချုပ်သည်။ ဗိုလ်ချုပ်က လုံးဝလွတ်လပ်ရေး အတွက် ကြိုးပမ်းသည်။ ဤသို့ဖြင့် အောင်ဆန်း-အက်တလီစာချုပ်ကို လန်ဒန်တွင်အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ မြန်မာတစ်မျိုးသားလုံးက လွတ်လပ်ရေးကို လိုလားကြောင်းနှင့် တိုင်းရင်း သားလူမျိုးအားလုံး သွေးစည်းညီညွတ်ကြကြောင်းကိုပြသရန် ဗိုလ်ချုပ်နှင့်တိုင်းရင်းသားခေါင်းဆောင်များက ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အနှောင့်အယှက် ဘေးပယောဂများကြားမှအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ကြပေသည်။ ဗိုလ်ချုပ်တို့သည်လုပ်ငန်းစဉ်တစ်ခုပြီးတစ်ခု အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လွတ်လပ်ရေးအတွက် နေ့မအား ညမနားပြင်ဆင်နေဆဲကာလ၊ လွတ်လပ်ရေး ရအံ့မူးမူး၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများကို နယ်ချဲ့လက်ပါးစေ များက ရက်စက်စွာလုပ်ကြံသတ်ဖြတ်လိုက်ကြလေသည်။ ဤသည်ကိုပင် ဆရာဇော်ဂျီက “လွတ်ခွင့်ရနီး၊ လွတ်စည်တီးမှ၊ ဖျက်ဆီးကြံရွယ်၊ အန္တရာယ်သည်၊ မဖွယ်မရာ တို့ပြည်ရွာ၌၊ ပေါ်လာမကောင်း၊ ပေါ်ခဲ့ကြောင်း” ဟုရေတိမ်နစ်ခဲ့ရသော ဗိုလ်ချုပ်တို့နှင့် လှေလှော်ရင်း တက်ကျိုး ခဲ့ရသော တိုင်းပြည်၏ကံကြမ္မာကို မီးမောင်းထိုးရေးဖွဲ့ပြ လိုက်ပါသည်။
ဗိုလ်ချုပ်အပေါ်ရှုမြင်ကြပုံ
“ကျွန်ုပ်တို့သည် အောင်ဆန်းကိုလေးစားမိသည်။ ကျွန်ုပ်ထင်သကဲ့သို့ သူသည်ကိုယ်ကျိုးရှာတာဝန်မဲ့ပြောက်ကျားခေါင်းဆောင်မဟုတ်ပေ။ သူသည်မျိုးချစ်ပုဂ္ဂိုလ်အစစ်ဖြစ်၍ စိတ်ကူးယဉ်သမားမဟုတ်၊ လက်တွေ့သမား ဖြစ်သည်။ သူသည်အလွန်ရိုးသားသည်၊ သူသည်ပေးခဲ့ပြီးသော ကတိအတိုင်းလည်း တည်သည်။ ကျွန်ုပ်သည် အောင်ဆန်းနှင့် အလုပ်လုပ်၍ ဖြစ်သည်။” ဟုဗိုလ်ချုပ်ကြီးဆလင်း (ဖီးလ်မာရှယ်ဆလင်း)က သူ၏ “အရုံးမှအနိုင်သို့” (Defeat into Victory) စာအုပ်တွင်ချီးကျူးဖော်ပြထားသည်။
ဂျပန်စစ်သေနာပတိချုပ် အီဒါက “အောင်ဆန်း သည် ငွေလည်းမမက်၊ အာဏာလည်းမမက်၊ တစ်ကိုယ်ကောင်းလည်းမကြံ၊ ဒါကြောင့် ကျုပ်တို့ဂျပန်တွေ လေးစား သည်” ဟု လည်းကောင်း၊ “သတ္တိဗျတ္တိနှင့် ပြည့်စုံသော စစ်ခေါင်းဆောင်ဖြစ်သည်။ မျိုးချစ်စိတ်ကလည်း ပြင်းထန်သည်။ ထိုကြောင့် ငါတို့ဂျပန်များက သူ့ကိုရိုသေလေးစားသည်”ဟု ချီးကျူးကြသည်။ ဝန်ခံကြသည်။
ဤနေရာတွင် “ထူးတဲ့စပ်စု” စာအုပ်မှ တရုတ်လူမျိုး ဦးစပ်စု (စော်ဘွားစပ်စုဟုလည်း ခေါ်သည်။ ဗိုလ်ချုပ်၏ တောင်းဆိုမှုကြောင့် ဂျပန်တော်လှန်ရေးအမီ ရဲဘော်များ အတွက် ဖိနပ်များအမြန်ချုပ်ပေးသောကြောင့် ဖိနပ်စပ်စုဟုလည်း ခေါ်သည်)၏ ဗိုလ်ချုပ်အပေါ် အမြင်သဘောထား တစ်ချက်ကို တင်ပြလိုက်ပါသည်။ “ကျွန်တော်ဟာ တရုတ်အမျိုးသားဗြန်ဟပ်တွေအသင်းကြီးမှ ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မတီအဖြစ် လာပါတယ်” ဗိုလ်အောင်ဆန်းကပြောပါတယ်။ “ဦးစပ်စုကို ဗမာ့တပ်မတော်ထောက်ပံ့ရေးကော်မတီလူကြီးအဖြစ် ခန့်တာ အင်မတန်မှဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်” ဗိုလ်အောင်ဆန်းက ထပ်ပြီးဆက်ပြောပြန်တယ်။ “ဗမာ့တပ်မတော်က အစည်းအဝေးဖိတ်စာလာရင်ဘယ်လိုပဲ လေယာဉ်ပျံလာ၍ ဗုံးလာချချ၊ မပျက်မကွက်တက်ရောက်ရမယ်၊ ကြောက်သည့်စိတ်လည်း နည်းနည်းလေးမှမထားရဘူး” လို့ ကျွန်ုပ်ကိုပြောတယ်၊ ကျွန်ုပ်လည်းပြန်ပြောလိုက်တယ်။ “ယောကျာ်းပီပီသသ တာဝန်ယူပြီးသည့်နောက်မှာ ဘယ်လိုပဲ ခဲရာ ခဲဆစ်ဖြစ်ဖြစ် ရဲရဲဝံ့ဝံ့ဖြင့်ရင်ဆိုင်ပြီး (ဥပမာ- မျက်စိရှေ့မှာ တောင်ကြီးပြိုကျပြီး နောက်ကလည်း ကျားကြီးလိုက်လာပါစေ၊ မကြောက်မရွံ့နှင့် မျက်နှာထားတစ်စိမှ မပျက်ပါဘူး)”လို့ ပြောဆိုလိုက်တော့ ဗိုလ်အောင်ဆန်းက ထပ်ပြီး ပြောပြန်တယ်။ “ယောကျာ်းပီပီ တိုင်းပြည်တစ်ခုလုံး ခေါင်းဆောင်လုပ်မယ်ဆိုရင် တိုင်းပြည်မှာ အဆိုးဆုံးတစ်ခုတွေ့လာရင် ကိုယ်ကရှေ့ကနေသွား ရမယ်၊ အကောင်းဆုံးတစ်ခုတွေ့လာရင် ကိုယ်ကနောက်က နေရမယ်” ဗိုလ်အောင်ဆန်းပြောထားသည့် စကား မှန်နေပြီ။ အဆိုးဆုံးကိုတွေ့ရင်တော့ ရှေ့ကသွားသည်၊ ဗိုလ်အောင်ဆန်းဟာ သေရှာပြီ။ အကောင်းဆုံးကိုတွေ့တော့လည်း ဗိုလ်အောင်ဆန်းဟာ နောက်ချန်နေ ရစ်ခဲ့ချေပြီ။
ဗိုလ်ချုပ်နှင့် ဗိုလ်ချုပ်ကတော်၏ အမှာစကား
တို့ဗမာအစည်းအရုံး၏ စတုတ္ထအကြိမ်မြောက်ညီလာခံကို မော်လမြိုင်မြို့တွင် ၁၉၃၉ ခုနှစ် ဧပြီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပရာ တို့ဗမာအစည်းအရုံး ဌာနချုပ် အလုပ်အမှုဆောင် အစီရင်ခံစာကို အထွေထွေအတွင်းရေးမှူးဖြစ်သူ သခင်အောင်ဆန်းက တင်သွင်းပြီး စာတမ်း၏နိဂုံး၌ “ဗမာပြည်တွင် ကောင်းသောအစိုးရ သာတည်မြဲပါစေ၊ မကောင်းသောအစိုးရကို ဖျက်သိမ်း နိုင်ပါစေ”ဟု မှာထားလေ၏။ ဗိုလ်ချုပ်၏ ပကတိစိတ်ရင်းစေတနာကို ထင်ဟပ်ပေါ်လွင်စေပါသည်။
ဗိုလ်ချုပ်တို့ လုပ်ကြံခံရသော ထိုနေ့မှာပင်ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က “သေဆုံးတဲ့သူမှာ သေဆုံးပြီဖြစ်၍ ကျွန်မအထူးချဲ့ ထွင်ပြီး မပြောလိုတော့ပါ။ သူ့ကို တကယ်လေးစားချစ်ခင်ကြပါလျှင် သူလိုလား တဲ့ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင်၊ သူချခဲ့တဲ့လမ်းစဉ်အတိုင်း ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်ကြဖို့ လိုပါတယ်”ဟု ပြောခဲ့သည်။ ဪ မြင့်မြတ်တည်ကြည်သော စိတ်သဘောထားပိုင်ရှင်များပါ တကား။
ကျွန်ုပ်တို့သည် ဗိုလ်ချုပ်စိတ်ဓာတ်ကို လေးစား အတုယူပြီး ဗိုလ်ချုပ်တို့ အာဇာနည်ခေါင်းဆောင်ကြီးများ မြင်တွေ့လိုသော ထာဝရငြိမ်းချမ်းသည့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရေးတွင်အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် တစ်တပ်တစ်အား ပါဝင်ထမ်းဆောင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသတည်း။ ကြေးမုံ