၄ ဇန်နဝါရီ
ဗီယက်နမ်နိုင်ငံက ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ဘီလီယံ တန်ဖိုးရှိ ရေနံနှင့်ရေနံထုတ် ကုန် အမျိုးမျိုး တန်ချိန် ၁၂ ဒသမ ၄ သန်းနီးပါး တင်သွင်းခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် ပမာဏအားဖြင့် ၁၂ ဒသမ ၁ သန်း ရာခိုင်နှုန်း နည်းပါးသွားခဲ့သော်လည်း တန်ဖိုးအားဖြင့် ၇ ဒသမ ၈ ရာခိုင်နှုန်း များပြားလာခဲ့ကြောင်း ဗီယက်နမ်စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
အလားတူကာလအတွင်း ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ၈၄၁ သန်း တန်ကြေးရှိ ဓာတ်ငွေ့ရည် ၁ ဒသ မ ၄ သန်းကျော် တင်သွင်းခဲ့ပြီး နှစ်အလိုက် ၄ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၁၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ သည်။
ဗီယက်နမ်နိုင်ငံက ရေနံမှပြုလုပ်သည့် အခြားထုတ်ကုန်များတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၉၆၆ သန်း သုံးစွဲခဲ့ကာ ၁၂ဒသမ ၉ ရာခိုင်နှုန်း များပြားလာခဲ့သည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံက အကြမ်းဖျင်းအားဖြင့် အ မေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ကြေးရှိ ရေနံစိမ်း တန်ချိန် ၄ ဒသမ ၁ သန်း တင်ပို့ခဲ့ပြီး နှစ်အလိုက် ၃၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ၇ ဘီလီယံတန်ကြေးရှိ ရေနံနှင့်ရေနံထုတ်ကုန် တန်ချိန် ၁၂ ဒသမ ၈ သန်း၊ အမေရိကန်ဒေါ်လာ ၇၃၂ သန်းတန်ကြေးရှိ ဓာတ်ငွေ့ရည် အကြမ်းဖျင်းအားဖြင့် ၁ ဒသမ ၄ သန်း တင်သွင်းခဲ့ကြောင်း ဗီယက်နမ် စာရင်းအင်းရုံးချုပ်၏ ဖော်ပြချက်အရသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်