ဖလမ်း ၄ ဇန်နဝါရီ
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံဘမ်းရွာ၌ ဇန်နဝါရီ ၄ ရက် နံနက် ၀၀း ၄၅ အချိန်ခန့်က လူနေအိမ် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒေါ်ဆွီးပါရ်၏ နေအိမ်တွင် လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်ကျွမ်းရာနေရာသို့ ဖလမ်းမြို့နယ် ခေတ္တမြို့နယ် မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်နှင့် အဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၂)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ ဒေါ်ဆွီးပါရ် နေအိမ်ဖြစ်သော ၁၂ ပေပတ်လည် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ ၎င်းနေအိမ်နှင့် ကပ်လျှက်ဖြစ်သော ဒေါ်စိမ့်နွမ်၏ နေအိမ် ၁၂ ပေ ပတ်လည် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာသို့ ကူးဆက်လောင်ကျွမ်းသောကြောင့် နေအိမ်(၂)လုံး မီးကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် ဒေါ်ဆွီးပါရ်၏ အဒေါ်ဖြစ်သူ ဒေါ်ငွန်မွှေးမှာ ဝဲဘက်ခြေသလုံး ကျိုးသွားခဲ့သဖြင့် ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း၊ အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ဖလမ်းမြို့မရဲစခန်းမှ ဒေါ်ဆွီးပါရ်အား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူ၊ တိရစ္ဆာန်သေဆုံးမှု မရှိကြောင်း ဖလမ်းပြန်ဆက်မှ သိရသည်။
MDN
