၂၅ ဒီဇင်ဘာ
မြန်မာသံအမျိူးသမီး အဆိုရှင် တက္ကသိုလ် လဲ့လဲ့၏ စီစဉ်မှုဖြင့် (ပန်တျာ) ဒေါ်သိင်္ဂီ တင်ဆက်သော နိုင်ငံကျော် တေးရေး ၊ တေးဆို ဂီတမှူး နေထွဏ်ဦး အမှတ်တရအဖြစ် "နေသို့ တမ်းတသော ကြယ်ပွင့်များ" ဂီတဖျော်ဖြေပွဲ ကို ဒီဇင်ဘာ ၂၈ရက် ည ၇ နာရီတွင် မြို့မကျောင်း လမ်းရှိ အမျိုးသားက ဇာတ်ရုံ၌ ကျင်းပမည်ဖြစ် ကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ဒီဇင်ဘာ ၂၃ရက် မွန်းလွဲ ၁ နာရီက Orchid Hotel ၌ကျင်းပသည်။
“ကျွန်မက မြန်မာသံစဉ်တေးဂီတပွဲလေးတွေ လုပ်ဖြစ်တာ သုံးပွဲရှိပါပြီ။ မြန်မာသံစဉ်တွေကို ချစ်မြတ်နိုးလို့ ဖျော် ဖြေပွဲကျင်းပတာလည်း ဖြစ်ပါတယ်။ နေဆိုတာကတော့ ဆရာနေထွဏ်ဦးကို တင်စားပြီး တမ်းတတယ်။ ကြယ်ပွင့်ကတော့ တေးသံရှင်တွေကို ရည်ရွယ်ပြီး ဒီနာမည်လေးပေး ဖြစ်တာပါ'' ပွဲစီစဉ်သူ (ပန်တျာ) ဒေါ်သိင်္ဂီက ပြောကြားသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် ဂီတမှူး ခွန်ဇာနည် (ကုမုဒြာ Music Band) မှ တီးခတ်ပြီး ပါဝင်သီဆိုမည့် တေးသံရှင် များမှာ ဇေယျာပြည့်ဖြိုး၊ ရဲထိုက၊် ပိုင်သက်ကျော် ၊ နိုင်မင်းအောင် ၊ ကိုလတ်၊ မင်းလွင်မိုး ၊ နေမင်းမောင်မောင် ၊ ပိုးအိစံ၊ စိုးစန္ဒာထွန်း ၊ ချောစုခင် ၊ သဲနုဝါ ၊ သီတာသိမ့် ၊ သီရိသိန်းတန်၊ စပါယ်ဖြူသိန်း ၊ ချောချစ်စံ၊ ဇာဇာစိုး၊ ရွှေဖြူ ၊ ခင်ပိုးပန်းချီ ၊ ဘားဘရာ(USA) နှင့် ဧည့်သည် တေးသံရှင် ကိုအေးချိုတို့ ဖြစ်ကြပြီး တေးသီချင်းပေါင်း ၃၆ ပုဒ်ခန့် သီဆိုကြမည်ဖြစ်သည်။
“ကျွန်မက အရင်တုန်းကတည်းက အန်တီသိင်္ဂီရဲ့ ပွဲတွေမှာ သီဆိုဖူးပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ ''စလယ်ဝင်အိုးလေး'' တေးသီချင်းလေး တစ်ပုဒ်ပါဝင်သီဆိုမှာ ဖြစ်ပါတယ်။ တစ်ခေတ်တခါက နာမည် ကျော်ကြားတဲ့ ဂီတပညာရှင်ကြီးရဲ့ သီချင်းတွေလည်း ဖြစ်လို့ သူ့အတွက်ကျင်းပတဲ့ပွဲမှာ ဖျော်ဖြေရလို့ ဝမ်းသာ ကျေနပ်မိပါတယ် ''ဟု တေးသံရှင် သဲနုဝါက ဆိုသည်။
ကိုလင်း