၁၈ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သက္ကရာဇ် ၆၈၈-၇၂၂ အကြားက ရေးထိုး ခဲ့သော ကျောက်စာငါးချပ်ကို တွေ့ရှိခဲ့ကြောင်း၊ ကျောက်စာများကို တွေ့ရှိရာ နေရာမှာ လူနေကျေးရွာများအနီး ရှိသည့်တိုင်အောင် လူသူ အရောက်အပေါက်နည်းသောနေရာ ရှေးဘုရားစေတီပျက်များတွင် ဖြစ်ကြောင်း သတင်းနှင့်အတူ သက်ဆိုင်ရာဌာန တာဝန်ရှိသူတို့က မှတ်တမ်းကူးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သည့်မတိုင်မီကလည်း ရှေးခေတ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ကိရိယာများ၊ ရုပ်တုဆင်းတုများ၊ အုတ်ရိုးများ၊ တံတိုင်းများ၊ သင်္ချိုင်းများ၊ ရုပ်ပြကွင်းများ၊ လက်ဝတ်လက်စားများ စသည်တို့ကို လယ်ထွန်ရင်း၊ ထယ်ထိုးရင်း၊ မြေတူးရင်းမှဖြစ်စေ၊ ရေတိုက်စားရာမှ ဖြစ်စေ ပေါ်ထွက်လာသည်ကို တွေ့ရှိရသည့် သတင်းများ မကြာခဏ ဖတ်ရှုကြရသည်။ မြန်မာနိုင်ငံအနှံ့အပြား ဒေသများစွာတို့တွင်လည်း ရှေးဟောင်းအဆောက်အအုံများ၊ အထိမ်းအမှတ်များ၊ နေရာများ စသည်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း ဒေသခံများက မကြာခဏဖော်ထုတ်ကြသည်ကို မီဒီယာများ၊ လူမှုကွန်ရက်များတွင် တွေ့ရှိကြရသည်။

 

ဤသည်မှာ မိမိတို့နိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောနိုင်ငံဖြစ်ပြီး ရှေးခေတ်ယဉ်ကျေးမှု အထောက်အထားများ အမြောက်အမြား ကျန်ရှိနေသေးကြောင်း ပြသနေခြင်းပင်ဖြစ်သည်။ ယဉ်ကျေးမှု အမွေအနှစ်များသည် မိမိတို့နိုင်ငံနှင့် လူမျိုး၏သမိုင်းကြောင်း အထောက်အထားများပင်ဖြစ်ပြီး တစ်ခါတစ်ရံတွင် မထင်မှတ်သော နေရာ မျိုး၌ပင် သမိုင်းတန်ဖိုး ကြီးမားလှသည့် ရှေးဟောင်းပစ္စည်းမျိုးကို တွေ့ရ တတ်သည်။ ဥပမာအားဖြင့် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကို အဆုံးသတ် ခဲ့သည့် ရ္တပိုစာချုပ်နှင့် ပတ်သက်သည့် မြန်မာဘက်မှ အထောက်အထား ဖြစ်သော ပုရပိုက်ကို ရွှေဘိုခရိုင်အတွင်း သစ်တောများကြားရှိ အလွန် ခေါင်သည့် ရွာတစ်ရွာတွင် ထိန်းသိမ်းမှုကင်းမဲ့သလောက်နီးနီး အခြေ အနေဖြင့် တွေ့ရှိခဲ့ရာ ဒေသခံ နှောင်းခေတ်လူတို့က အလေးမထားဘဲ ပုရပိုက်များကို မိုးစြို<ွကက်ကိုက် ဖုန်အလိမ်းလိမ်းဖြင့် ထားရှိခဲ့ခြင်းကြောင့် ဝမ်းနည်းဖွယ် မြင်တွေ့ရကြောင်း သုတေသီတစ်ဦးက ရေးသားခဲ့သည်ကို မှတ်သားရဖူးသည်။

 

မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (/၂ဝ၁၇) ကို ဒီဇင်ဘာ ရက်က ကျင်းပခဲ့ရာတွင် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ''အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များသည် ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရိုးရာအစဉ်အလာ ဓလေ့အလိုက် ဆက်ခံထိန်းသိမ်းလာခဲ့ကြသည့်အတွက် နှစ်ပေါင်းထောင်ချီ တည်တံ့နေခဲ့ပြီး မျိုးဆက်သစ်များအား လက်ဆင့်ကမ်း အမွေပေးနိုင် အောင် ဆောင်ရွက်နိုင်ကြခြင်း ဖြစ်ပါကြောင်း၊ ရှာဖွေဖော်ထုတ် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သုတေသနပြုပြီး ဖြစ်သည့် ယဉ်ကျေးမှု အမွေ အနှစ် များသာမက တိမ်မြုပ်နေသေးသည့် ယဉ်ကျေးမှု အမွေအနှစ်များ ကိုလည်း ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက် သုတေသနပြု ကြရမည် ဖြစ်ပါကြောင်း'' ဖြင့် အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

ယဉ်ကျေးမှုဟုဆိုရာတွင် ရှေးဟောင်းပစ္စည်းများ၊ အဆောက်အအုံ များကဲ့သို့ ကိုင်တွယ်ထိတွေ့နိုင်သော ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များ ကိုသာမက ဘာသာစကား၊ ဓလေ့ထုံးစံများ၊ စာပေအတွေးအခေါ်၊ အနုသုခုမကဲ့သို့သော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကိုပါ သုတေသန ပြုခြင်း၊ ရှာဖွေဖော်ထုတ်ထိန်းသိမ်းခြင်းတို့ကို အမျိုးသားရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး ပြည်သူများက လည်း တစ်တပ်တစ်အားအနေဖြင့် မိမိတို့ရပ်ရွာ မိမိတို့ဒေသအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်ကာ ထိန်းသိမ်းစောင့် ရှောက် ကာကွယ်သွားကြရန် နှိုးဆော်လိုပါကြောင်း။