၄ ဇန်နဝါရီ

ဘရာဇီး အရှေ့မြောက်ပိုင်း ဘာဟီအာ ရှိ စီအာဘရာ မြို့တော်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားသဖြင့် ၆ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့မနက်ပိုင်းက ကုန်တင်ကား တစ်စီးသည် စီအာဘရာ မြို့တော်သို့ သွားရာလမ်းတွင် ဘရိတ်မထိန်းနိုင်ဖြစ်ကာ ဘတ်စ်ကားတစ်စီး နှင့် ကားနှစ်စီးကို တိုက်မိခဲ့ကြောင်း ဖက်ဒရယ်အဝေးပြေးလမ်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဘတ်စ်ကားတွင်  ယာဉ်မောင်းတစ်ဦး နှင့် ခရီးသည် ၂၂ ဦး ပါရှိကြောင်း  ဖက်ဒရယ် အဝေးပြေးလမ်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ ဂလာယူဘာ နူး က ပြောကြားသည်။

ထိုယာဉ်မတော်တဆမှု ဖြစ်ပွားသောကြောင့်   ကုန်တင်ကား ယာဉ်မောင်းခန်း ပျက်စီးသွားပြီး ဘတ်စ်ကား အမိုး ပျက်စီးခဲ့သော်လည်း ကားနှစ်စီးမှာ လုံးဝပျက်စီးခဲ့ကြောင်းနှင့် ဒဏ်ရာရသူများကို စီအာဘရာ ရှိ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း  သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို