မင်းဘူး ၅ ဇန်နဝါရီ        

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စု၊ ပဒေသာကျွန်းကျေးရွာတွင် ဇန်နဝါရီ  ၄ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ပဒေသာကျွန်းကျေးရွာနေ ဦးသိန်းထွန်းသည် အရက်သေစာသောက်စားမူးယစ်ပြီး ဇနီးဖြစ်သူ ဒေါ်နှင်းခိုင်နှင့် စကားများ ရန်ဖြစ်ကာ မိမိနေအိမ် (၃)ပင်အိမ်၊ နှစ်ထပ်၊ သမန်းသက်ကယ်မိုး၊ ဝါး/သမန်းသက်ကယ်ထရံကာ၊ ဝါးကြမ်းခင်းနေအိမ်(၃၀×၂၀×၁၅)ပေ၏  အပေါ်ထပ် သမန်းသက်ကယ်အမိုးအား မီးခြစ်ဖြင့်ရှို့ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ မီးလောင်ရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးမိုးကျော်နှင့် သန္ဓေတပ်ဖွဲ့ဝင် (၄) ဦး၊ အထောက်အကူပြု ယာဉ် (၁) စီး၊ မန်းရေနံမြေ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်စုံထွန်းနှင့် သန္ဓေ(၅) ဦး၊ အရန်(၅) ဥၤီး၊ မီးသတ်ယာဉ်(၁) စီး၊ ရေသယ်ယာဉ်(၁) စီး၊ နိဗ္ဗာကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့် ရွာသူ/ ရွာသားများ စုစုပေါင်း အင်အား(၅၀) ခန့်  ဝိုင်းဝန်းမီးငြမ်းသတ်ခဲ့ရာ ၁၂ နာရီ မိနစ် ၅၀ အချိန်တွင် မီးထိန်းနိုင်ခဲ့သည်။

 

မီးလောင်ရာတွင် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းမရှိကြောင်းနှင့် မီးရှို့သူအိမ်ရှင် ဦးသိန်းထွန်းအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း  သိရသည်။

 

မျိုးမြတ်(မင်းဘူး)

 

received_1478541935613035