တီးတိန် ၇ သြဂုတ်       


ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဝဥစိုက်တောင်သူ တိုးပွားများပြားလာရာ ၇၁၁ ဧကအထိ တိုးမြှင့်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

1

 


"မိသားစု စားဝတ်နေရေး၊ ဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာရေး အတွက်ဆိုရင် ဝဥစိုက်ပျိုးနိုင်ဖို့ တကယ်အရေးကြီးနေပါပြီ၊ စနစ်တကျ စိုက်ပျိုးနိုင်အောင် ကြိုးစားသွားမယ်၊ ကူညီပံ့ပိုးပေးတဲ့ လူကြီးများကိုလည်း ကျေးဇူးအထူးတင်ပါတယ်" ဟု ကျေးရွာနေ ဝဥစိုက်တောင်သူတစ်ဦးက ပြောသည်။


တီးတိန်မြို့နယ်တွင် ကျေးရွာပေါင်း (၁၃၀) ရှိ၍ ယခုတွင် ဝဥစိုက်ပျိုးဧကပေါင်း (၇၁၁) အထိရှိလာပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလျန်းကွပ်ဇထပ်ထံမှ သိရသည်။


မြို့နယ်(ပြန်/ဆက်)